EDITOR BEAUTY TIPS
CAU Lab Product Review |
---|
နေ့စွဲ : 2021-03-05
အမည် : Editor Jihye
လတ်တလော ကျော်ြကားသောအရာများ : 483
|
Sensitive skin ပိုင်ရှင်လေးဖြစ်တဲ့ Beauty Editor Jihye ရဲ့ အဆင့်ဆင့် Skincare ပုံလေး Sensitive ဖြစ်လွန်းလို့ ဘယ်ပစ္စည်းသုံးသုံးအဆင်မပြေဖြစ်နေလား? SNS မှာ အရမ်းကောင်းတယ်လို့ ကြော်ငြာနေတဲ့ ပစ္စည်းတွေကများလွန်းတော့ ဘယ်ပစ္စည်းကိုရွေးချယ်သင့်လဲဆိုတာ ရွေးရခက်နေပြီဟုတ်?! နေ့လယ်လောက်ရောက်ပြီဆိုတာနဲ့ လိမ်းထားတဲ့မိတ်ကပ်တွေက တဖြည်းဖြည်းပျက်လာတာများတယ်နော် Jihye လိုမျိုး အဖြစ်များတဲ့သူတွေရှိရင် ဒီ item လေးတွေကို လုံးဝ recommend ပေးချင်ပါတယ်ရှင့်~ CAU•LAB Moisture Cleansing Foam CAU•LAB Moisture Toner CAU•LAB Intense Advanced Serum CAU•LAB Perfect Cream မိတ်ကပ်ကွက်တာ မိတ်ကပ်ပျက်တာမျိုးဖြစ်လာပြီဆိုရင်တော့ အရင်ဆုံး ကိုယ်လိမ်းတဲ့ Basic Skincare ကို ပြန် check ကြည့်လိုက်ရအောင် ! ရေဓာတ်အပြည့်အဝရှိတဲ့ product တွေနဲ့ Basic Skincare ကို သေချာလေးလုပ်ပြီး အဆီဓာတ်နဲ့ရေဓာတ်မျှတအောင် လုပ်ကြည့်ရအောင်နော် Special Ingredients (3)မျိုး 1. Cynanchum Wilfordi Extract : အသားအရည်အတွက် လိုအပ်တဲ့အာဟာရဖြည့်ပေးပြီး Toneup effect ပါဝင်လို့ အသားဖြူစေတဲ့အပြင် လိုအပ်တဲ့အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ပါတယ် 2. Raspberry Extract : Allergic ရှိပြီး Sensitive ဖြစ်နေတဲ့ Skin တွေအတွက် အရေပြားပြဿနာမျိုးစုံကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့စွမ်းရှိပါတယ် 3. Lactobacillus Probiotic :ခြောက်သွေ့ကြမ်းတမ်းတဲ့အသားအရည်ကို soothing ဖြစ်စေပြီး အရေပြားအပေါ်ယံအလွှာကို ပိုမိုကောင်းမွန်လာစေပါတယ် Cleanser : Hydrogen Nano Bubble Water လေးတွေကိုသုံးထားလို့ ချွေးပေါက်ထဲကအညစ်အကြေးအားလုံးကိုသန့်စင်ပေးပြီး အရေပြားအတွင်းပိုင်းအထိလည်း စိုပြေစေတဲ့ mild ဖြစ်တဲ့ Cleanser Moisture Toner : အသားအရည်ရဲ့ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး အစိုဓာတ်နဲ့အာဟာရဓာတ်ကို အပြည့်ဖြည့်ပေးနိုင်တဲ့အပြင် အသားအရည်ကိုတင်းတင်းရင်းရင်းလေး ဖြစ်နေစေမယ့် Toner Intense Advanced Serum : Probiotic တွေနဲ့ ၁၂မျိုးသော သဘာဝပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတာမို့ အသားအရည်ကို စိုစိုကြည်ကြည်လေးဖြစ်နေစေမယ့် Serum Perfect Cream : အာဟာရဓာတ်တွေ ပြည့်ဝစွာပါဝင်ပြီး စေးကပ်မှုလည်းနည်းတာကြောင့် နေ့တိုင်းသုံးဖို့သင့်တော်တဲ့ cream လေးဖြစ်တဲ့အပြင် သစ်ပင်ရဲ့ ပင်စည်ကရတဲ့ cell extract တွေလည်းပါဝင်တာကြောင့် အသားအရည် တင်းရင်းစိုပြေနေစေပါတယ် အသုံးပြုပုံလေးကတော့... အရင်ဆုံး မျက်နှာသစ်ဆေးလေးနဲ့ မျက်နှာသစ်ပြီး သန့်စင်ပေးလိုက်ပါ Toner ကို cotton pad ထဲထည့်ပြီး မျက်နှာအတွင်းမှ အပြင်ကို လိမ်းပေးပါ Serum လေးကို အစက်ချပြီး တစ်မျက်နှာလုံး စိမ့်ဝင်အောင် လိမ်းပေးပါ~ ပုတ်လိမ်းပေးခြင်းက အသားထဲကို ပိုစိမ့်ဝင်စေပါတယ် နောက်ဆုံးမှာတော့ Cream လေးကို လိမ်းပေးခြင်းဖြင့် တနေကုန် အသားအရည်ကို စိုပြေ ဝင်းပစေမှာ ဖြစ်ပါတယ် |
စုစုပေါင်း 0 ကော်မန့်ရာခိုင်နှုန်း
နံပါတ်စဥ် |
အကြောင်းအရာ |
အမည် |
နေ့စွဲ |
လတ်တလော ကျော်ြကားသောအရာများ |
---|---|---|---|---|
29
|
Myanmar Influencers
|
2022-01-25 |
384 |
|
28
|
Editor Seni & Yeni
|
2022-01-25 |
320 |
|
27
|
Editor Seni
|
2022-01-25 |
318 |
|
26
|
Editor Yeni
|
2022-01-25 |
352 |
|
25
|
Editor Seni
|
2021-09-07 |
383 |
|
24
|
Editor Yeni
|
2021-09-07 |
368 |
|
23
|
Editor Yeni
|
2021-03-10 |
349 |
|
22
|
Editor Jihye
|
2021-03-05 |
483 |
|
21
|
Editor Yeni & Seni
|
2021-02-25 |
313 |
|
20
|
Editor Byul
|
2021-02-22 |
446 |
|
19
|
Editor Bae
|
2021-02-08 |
367 |
|
18
|
Editor Yeni
|
2021-01-18 |
344 |
|
17
|
Editor Byul
|
2021-01-14 |
380 |
|
16
|
Moet Moet
|
2021-01-13 |
452 |
|
15
|
Editor Bae
|
2021-01-12 |
336 |