EDITOR BEAUTY TIPS
✨Carrieland Star Aura Cover Cushion Review✨ |
---|
နေ့စွဲ : 2020-04-21
အမည် : SSK x Carrieland
လတ်တလော ကျော်ြကားသောအရာများ : 460
|
ကိုရီးယား မြန်မာဆယ်လီတွေ အားလုံးကြိုက်ကြတဲ့ Star Aura Cover Cushion 💓 Beauty Blogger Carrieland (Lamin Phyu Phyu) ရဲ့ cushion လေးကို ဘာလို့ ကြိုက်နှစ်သက်တာလေးကို အောက်မှာ ဆက်ဖတ်လိုက်နော်❤️ ✨✨အခု ဒီ cushion လေးကို ဝယ်မယ်ဆိုရင် Facial Sheet Mask ၂ချပ်တောင် လက်ဆောင်ပြန်ပေးနေပြီတဲ့နော်✨✨ အားလုံးပဲ မင်္ဂလာပါ 🤗 ဒီရက်ပိုင်း Makeup ကို Carrie က 2020 trend နဲ့အညီ makeup ထူထူကြီးတွေထက် ပါးပါးကြည်ကြည် korean look ကို ပိုပြီးသဘောကျနေပါတယ် 😁 ဒါကြောင့်လဲ ဒီ cushion လေးကို try ဖြစ်သွားတာပါ 🤨 ဒီ cushion လေးအပေါ် Carrie ရဲ့ အမြင်နဲ့ ဘယ်သူတွေသုံးသင့်လဲ ဆိုတာသေချာလေးရေးပေးထားလို့ ဒီ post လေးကို အဆုံးထိဖတ်ပေးပါနော် 🤗 📦 Packaging 📦 အရင်ဦး packaging ကိုပြောရရင် အမဲရောင်ဗူးပြောင်ပြောင်လေးဆိုတော့ cute look ထက် chic & classy ဖြစ်တယ်လို့မြင်ပါတယ် 😍 ဗူးကတော့ သာမန် cushion size ပါပဲ.. compact ဖြစ်တယ်.. ပေါ့ပါးတယ် ပြီးတော့ ယိုစိမ့်တာမျိုးမဖြစ်ပါဘူး.. မှန်လေးလဲပါတော့ retouch အတွက် အဆင်ပြေတယ် 👌🏻 🍃Texture 🍃 သူ့ texture ကတော့ နည်းနည်းလေးပျစ်ပါတယ်.. အရမ်းကြီးတော့ မထူပါဘူး.. Texture ပျစ်ပေမဲ့ skincare benefits တွေပါတာမို့လို့ထင်ပါတယ် blend ရတာအရမ်းလွယ်ကူတယ်.. စစချင်းလိမ်းရင်တော့ brightening effect ပါလို့ နည်းနည်းလေးဖြူပေမယ့် 5 mins လောက်နေရင် skin နဲ့ တသားထဲဖြစ်သွားပါတယ် 👍🏻👍🏻 🌸 Coverage & Finish 🌸 One layer ပဲဆို Medium coverage ရပါတယ်.. two layers လောက်ဆို Full coverage ထိ build-up လုပ်လို့ရပါတယ် 🤗 Build-up လုပ်ရင်တောင် ဖုံဖုံကြီးမဖြစ်ပါဘူး.. Finish ကတော့ Satin finish လေးရပါတယ်.. အရမ်းကြီး အဆီပြန်သလိုပြောင်ပြီး glow နေတာမျိုးမဟုတ်ပဲ သဘာဝဆန်ဆန် skin ကောင်းလို့ glow နေတဲ့ look လေးရပါတယ် 😭 အဲ့ဒါကတော့ Carrie သဘောအကျဆုံးအချက်ပါ 💯 Matte finish လိုချင်ရင်တော့ powder အပေါ်ကနေလိမ်းရင်ရပါတယ်.. ⏰ Lasting Power ⏰ Carrie ရဲ့ skin type က combination to oily ဆိုတော့ primer မလိမ်းပဲ 4 hours လောက်တော့ခံပါတယ်.. 4 hours ကျော်သွားရင်တော့ retouch လိုပါမယ်.. ပြာသွားတာတို့ oxidize ဖြစ်ပြီးမဲသွားတာမျိူးတော့မဖြစ်ပါဘူး.. Carrie 11 hours လောက်စမ်းခဲ့ပါတယ် 😅😁 ❤️ ☀️ SPF 50 PA++++ ပါတာမို့ sunscreen လိမ်းစရာမလိုတော့ပါဘူး ☀️ 🧐 ဘယ် skin types တွေနဲ့အဆင်ပြေမလဲ? 🧐 ✅ Dry & Normal skin အတွက်တော့ perfect ပါ 💯 ✅ Combination skin အတွက်လဲ အဆင်ပြေပါတယ် T-zone အဆီပြန်တတ်ရင် retouch လေးတော့လိုပါမယ် ✅ အဆီပြန်တတ်ပြီး အရမ်းချွေးထွက်တန်ရင် oil blotting paper လေးဆောင်ထားဖို့လိုပါမယ်.. ပြီးတော့ mattifying primer ဖြစ်ဖြစ် powder ဖြစ်ဖြစ်တွဲသုံးပေးဖို့လိုအပ်ပါမယ် ✅ Acne- prone skin အတွက် သုံးလို့ရပါတယ်.. Carrie လဲ ခြွေးပေါက်ကျယ်ပြီး breakouts တွေထွက်တတ်တာတောင် ဘာမှမဖြစ်ပါဘူး.. ဒါပေမယ့် coverage ကောင်းလို့ double cleansing လုပ်ပေးဖို့တော့လိုမယ်နော်.. ☝🏻☝🏻 ✅ Sensitive skin သမားတွေလဲ သုံးလို့ရပါတယ်.. fragrance လဲမပါပါဘူး.. ✅ Wrinkle-care နဲ့ တခြား skincare benefits တွေပါတာမို့ အသက်ကြီးတဲ့သူတွေအတွက်လဲ အရမ်းအဆင်ပြေမဲ့ cushion လေးပါ 😍 အားနည်းချက်တစ်ခု Carrie တွေ့တာကတော့ သူ့ရဲ့ shade range ပါ... လောလောဆယ်တော့ shade တစ်မျိုးပဲရှိပါတယ်.. Undertone ကတော့ cool tone ဘက်ပိုရောက်ပါတယ်.. Fair to medium skin တွေအတွက် အဆင်ပြေပေမယ့် အသားအရမ်းညိုတဲ့သူတွေအတွက်တော့အဆင်မပြေလောက်ပါဘူး.. ☹️ အားနည်းချက်တော့ ဒီတစ်ခုပဲတွေ့ပါတယ်.. 💰 Price ကတော့ 17900ks ပါ ❤️ ကဲဒီလောက်ဆို Carrie review လေးကတော်တော်ပြည့်စုံပြီလို့ထင်ပါတယ် 🤗 Carrie ကတော့ သူ့ texture လေးရယ်.. sunscreen သုံးဖို့မလိုတာရယ်.. skincare benefits တွေပါတဲ့အပြင် လိမ်းရတာမြန်ပြီး တခြား products တွေအများကြီးသုံးစရာမလိုတော့ အချိန်ကုန်သက်သာတာကြောင့် နေ့တိုင်းလိုလို ဒီ cushion လေးပဲသုံးဖြစ်ပါတယ် 😘🥰❤️ Carrie ရဲ့ followers ထဲမှာကော ဒီ cushion လေးကိုသုံးဖူးလား? အကြိုက်ဆုံး cushion က ဘာလဲဆိုတာ 😍 Carrie ကို comment ထဲမှာပြောခဲ့ပေးပါနော် 🤗❤️ |
စုစုပေါင်း 0 ကော်မန့်ရာခိုင်နှုန်း
နံပါတ်စဥ် |
အကြောင်းအရာ |
အမည် |
နေ့စွဲ |
လတ်တလော ကျော်ြကားသောအရာများ |
---|---|---|---|---|
29
|
Myanmar Influencers
|
2022-01-25 |
276 |
|
28
|
Editor Seni & Yeni
|
2022-01-25 |
216 |
|
27
|
Editor Seni
|
2022-01-25 |
217 |
|
26
|
Editor Yeni
|
2022-01-25 |
255 |
|
25
|
Editor Seni
|
2021-09-07 |
286 |
|
24
|
Editor Yeni
|
2021-09-07 |
277 |
|
23
|
Editor Yeni
|
2021-03-10 |
286 |
|
22
|
Editor Jihye
|
2021-03-05 |
415 |
|
21
|
Editor Yeni & Seni
|
2021-02-25 |
261 |
|
20
|
Editor Byul
|
2021-02-22 |
387 |
|
19
|
Editor Bae
|
2021-02-08 |
310 |
|
18
|
Editor Yeni
|
2021-01-18 |
279 |
|
17
|
Editor Byul
|
2021-01-14 |
323 |
|
16
|
Moet Moet
|
2021-01-13 |
394 |
|
15
|
Editor Bae
|
2021-01-12 |
269 |